Ananda Pagoda
Myanmar Name: | လွန်းရာကျော်ပိုးစစ်ချိတ် |
Other Name: | ပိုးစစ်ချိတ်၊ ချိတ်လုံချည်၊ ချိတ်ထဘီ၊ ကြိုးကြီးချိတ်၊ လွန်းရာကျော်ချိတ် |
Type of Asset: | Handicrafts [လက်မှုလုပ်ငန်းများ] |
Location: |
Asset Information
-
The Ananda Pagoda was a stupa built by the queen of King Bodawpaya (Badon Min), the founder of the First Amarapura Dynasty. It was later renovated by the Princess of Phyu, sister of King Bagan Min, the fourth king to reign in Amarapura.The stupa was built on the site of an ancient ordination hall. It features Jataka tale paintings and coin collecting boxes.
Beginning around 1917 (1279 in Burmese Calendar), the temple was collectively repaired by the public under the leadership of the hermit U Khandi of Mandalay Hill. After the independence from the British, the monks of the Phayargyi Monastery took over the pagoda's preservation from the hermit U Khandi and have continued to maintain it to this day.
Before 1988, Patthana chanting ceremony was held every year on the full moon day of Tazaungmon. After 1988, the festival became less prominent, the actual chanting ceremony was replaced with televised programs. It was not until after 2007 that the Patthana chanting ceremony was reinstated. The Patthana ceremony was suspended for three years due to the COVID-19 pandemic. While it was held again in 2024, it could not be held in 2025 due to earthquake damage.
-
အာနန္ဒာစေတီသည် အမရပူရ ပထမမြို့တည်နန်းတည် ဘိုးတော်ဗဒုံမင်းတရားကြီး၏ ယင်းတော်မြို့စားမိဖုရား တည်ထားခဲ့သည့် ပုထိုးစေတီဖြစ်သည်။ ထို့နောက် အမရပူရ စတုတ္ထနန်းစံ ပုဂံမင်း၏ နှမတော် ဖြူးမြို့စားက ထပ်မံပြုပြင်ခဲ့သည်။ ရှေးသိမ်ကြီးပေါ်တွင် ထပ်မံတည်ဆောက်ထားသော ပုထိုးစေတီဖြစ်သည်။ ဘုရားတွင် နိပါတ်တော်ပန်းချီများ၊ ကြွေစေ့အရုပ်ပုံးများရှိသည်။
မြန်မာသက္ကရာဇ် ၁၂၇၉ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၉၁၇ ခုနှစ်ခန့် မှစ၍ မန္တလေးတောင် ရသေ့ကြီးဦးခန္တီ ကြီးမှူး၍ တိုင်းသူပြည်သားရှင်လူအများတို့ စုပေါင်းပြုပြင်ခဲ့ကြသည်။ လွတ်လပ်ရေးခေတ်တွင် ရသေ့ကြီး ဦးခန္တီလက်မှ ထိန်းသိမ်းခွင့်ကို ဘုရားကြီးတိုက်သံဃာတော်များက လွှဲပြောင်းယူ၍ ယနေ့အချိန်ထိ ဆက်လက်ထိန်းသိမ်း စောင့်ရှောက်တော်မူခဲ့ကြသည်။
၁၉၈၈ ခုနှစ် မတိုင်ခင်က တန်တောင်မုန်းလပြည့်နေ့ရောက်တိုင်း ပဌာန်းပွဲတော် ပြုလုပ်ခဲ့ကြသည်။ ၁၉၈၈ ခုနှစ် နောက်ပိုင်း ပွဲတော်ရက်များတွင် ပဌာန်းပွဲတော်များကို ကျင်းပနိုင်ခြင်းမရှိတော့ဘဲ တီဗွီဖြင့် ပဌာန်းရွတ်သည်ကိုပြသသော ယဥ်ကျေးမှုသာ ထွန်းကားခဲ့သည်။၂၀၀၇ ခုနှစ် နောက်ပိုင်းမှသာလျှင် ပဌာန်းပွဲအား ပြန်လည်ကျင်းပနိုင်ခဲ့ကြသည်။ ကိုဗစ်ကပ်ရောဂါကြောင့် ပဌာန်းပွဲမှာ သုံးနှစ်နားခဲ့ရသည်။ ၂၀၂၄ ခုနှစ်တွင် ပြန်လည်ကျင်းပနိုင်ခဲ့သော်လည်း ၂၀၂၅ ခုနှစ်တွင် ငလျင်ဒဏ်ကြောင့် ကျင်းပပြုလုပ်နိုင်ခြင်း မရှိတော့ပေ။