Myanmar Traditional Achiek (Luntaya Achiek)

 
Myanmar Name: လွန်းရာကျော်ပိုးစစ်ချိတ်
Other Name: ပိုးစစ်ချိတ်၊ ချိတ်လုံချည်၊ ချိတ်ထဘီ၊ ကြိုးကြီးချိတ်၊ လွန်းရာကျော်ချိတ်
Type of Asset: Handicrafts [လက်မှုလုပ်ငန်းများ], Textiles [အထည်အလိပ်လုပ်ငန်းများ]
Location: Sagaing City, Sagaing Division.
[စစ်ကိုင်းမြို့၊ စစ်ကိုင်းတိုင်း။]

Asset Information

  • It is believed that the weaving and wearing of the silk Acheik (Cheik) started around the late Innwa period. It developed further during the Amarapura period, allowing for the creation of more elaborate, beautiful designs, and a wider range of colours. The distinctive patterns and traditional motifs (such as the peacock, lion, or hamsa bird) created using Acheik weaving techniques can be found in a continuous tradition through murals, paintings, and literary records. Lun Yar Kyaw literally means weaving a garment using over one hundred shuttles.

    This textile is a cultural symbol, which Burmese people, especially women, wear with pride and reverence at traditional ceremonies, weddings, and social events. Internationally, the mention of Burmese Acheik often brings to mind Myanmar and its people, making it a proud sartorial heritage for the Burmese. Because a Lun Yar Kyaw silk Acheik garment takes a long time to weave, the resulting textiles are high-quality, high-value works of art.

    Myanmar traditional silk Acheik are still widely woven in major cities like Mandalay, Amarapura, and Sagaing. In Sagaing, one can find private weaving workshops and silk shops, making it a prominent local industry. However, despite some apprentices being trained in the Sagaing weaving workshops, the traditional weaving industry faces many challenges. The scarcity of skilled silk weavers, the high cost of the final product, the substitution of cheaper Acheik-design fabrics, the importation of machine-woven fabrics that imitate traditional Acheik designs, and the production of computer-embroidered fabrics severely affect the traditional weaving industry. These threats risk the loss of the market entirely. To ensure the development of the pure silk Acheik business, providing essential resources, financial support, and market promotion is urgently needed.

    The weaving workshops in Sagaing purchase the raw material—raw silk—primarily from Amarapura for weaving Lun Yar Kyaw silk Acheik. The process then involves dyeing the raw silk, meticulously sorting the individual silk strands, and then combining them in bundles of ten. This bundle of ten strands forms a single thread. These threads are then threaded on the loom and set into the shuttle for weaving. Only pure silk thread is used for both the warp and the weft. After selecting the fabric design, colour scheme, and colour blending, the pattern is set. By following the design on a template sheet, the weaving process begins to create the silk Acheik fabric. Weaving a single silk Acheik fabric (longyi) can take up to nearly two months.

  • ပိုးစစ်ချိတ်ကို အင်းဝခေတ်နှောင်းပိုင်းမှ စတင် ရက်လုပ်ဝတ်ဆင်ခဲ့သည်ဟု ယူဆရသည်။ အမရပူရခေတ်တွင် တိုးတက်လာပြီး ပိုမိုခမ်းနားလှပသော ဒီဇိုင်းများ၊ အရောင်စုံများနှင့် ဖန်တီးနိုင်ခဲ့သည်။ ထူးခြားသည့် ဒီဇိုင်းများ၊ ရုပ်လုံးတော်ပုံစံများ (ဒေါင်း၊ ခြင်္သေ့၊ ဟင်္သာ စသည်)အား ချိတ်ပုံနည်းများဖြင့် ရက်လုပ်ဖန်တီးခဲ့ကြသည်ကို အစဉ်အဆက် နံရံဆေးရေးပန်းချီများ၊ ပန်းချီကားများနှင့် စာပေမှတ်တမ်းများမှ တွေ့ရှိနိုင်သည်။ လွန်းရာကျော် ဆိုသည်မှာ အချိတ်အထည်များကို လွန်းတစ်ရာကျော် (၁၀၀ ကျော်) အသုံးပြု၍ ရက်ခြင်းကို ဆိုလိုသည်။

    မြန်မာ့ရိုးရာ အလှူ၊ မင်္ဂလာဆောင်၊ ပွဲတက်အခမ်းအနားများတွင် မြန်မာလူမျိုးများ အထူးသဖြင့် မြန်မာအမျိုးသမီးတို့ ဂုဏ်ယူမြတ်နိုးစွာဝတ်ဆင်လေ့ ရှိကြပြီး ယဉ်ကျေးမှု အထိမ်းအမှတ်တစ်ခု ဖြစ်သည်။ နိုင်ငံတကာမှနေ၍ မြန်မာအချိတ်ဆိုသည်နှင့် မြန်မာနိုင်ငံ၊ မြန်မာလူမျိုးတို့ကိုပါ တွဲမြင်တတ်လေ့ရှိကြသဖြင့် မြန်မာလူမျိုးအတွက် ဝတ်စားဆင်ယင်မှုဆိုင်ရာ အမွေအနှစ်တစ်ခု ဖြစ်သည်။ လွန်းရာကျော်ပိုးချိတ် တစ်ထည်ရရှိရန် အချိန်ကြာမြင့်စွာ ရက်လုပ်ရသဖြင့်၊ အရည်အသွေးမြင့်ပြီး တန်ဖိုးမြင့် လက်ရာအထည်များဖြစ်လာသည်။

    မြန်မာ့ရိုးရာပိုးစစ်ချိတ်အထည်များကို မန္တလေး၊ အမရပူရ၊ စစ်ကိုင်း အစရှိသည့်မြို့ကြီးအချို့တွင် တွင်ကျယ်စွာရက်လုပ်နေကြဆဲဖြစ်သည်။ စစ်ကိုင်းမြို့တွင်လည်း ကိုယ်ပိုင်ရက်ကန်းရုံများ၊ ပိုးထည်ဆိုင်များကို တွေ့ရှိနိုင်ပြီး စစ်ကိုင်းမြို့၏ထင်ရှားသော လုပ်ငန်းတစ်ခုလည်းဖြစ်သည်။စစ်ကိုင်းမြို့ရှိ ရက်ကန်းရုံများတွင် ပညာသင်လက်ဆင့်ကမ်းသူအချို့ရှိ‌သော်လည်း ကျွမ်းကျင်ပိုးထည်ရက်လုပ်သူ ရှားပါးခြင်း၊ တန်ဖိုးမြင့်မားခြင်း၊ ဈေးနှုန်းသက်သာသော ချိတ်ဒီဇိုင်းအထည်များ အစားထိုးလာခြင်း၊ ရိုးရာချိတ်ဒီဇိုင်းများကို တုပပြီး စက်ရက်ကန်းထည်များ တင်သွင်းခြင်း၊ ကွန်ပြူတာစက်ပန်းထိုးထည်များ ထုတ်လုပ်ခြင်းသည် ရိုးရာရက်ကန်းလုပ်ငန်းကို ထိခိုက်မှုများစွာရှိစေပြီး ဈေးကွက်ပျောက်ဆုံးနိုင်သည်အထိ ခြိမ်းခြောက်လျက်ရှိသည်။ ပိုးစစ်ချိတ်လုပ်ငန်းတိုးတက်မှုအတွက် လိုအပ်သော အရင်းအမြစ်များ၊ ငွေကြေးပံ့ပိုးမှုများ၊ စျေးကွက်ဖော်ဆောင်မှုများဖြင့် ပံ့ပိုးကူညီပေးရန်အထူးလိုအပ်နေပါသည်။

    စစ်ကိုင်းမြို့ရှိ ရက်ကန်းရုံများသည် လွန်းရာကျော်ပိုးစစ်ချိတ်ရက်လုပ်ရန်အတွက် အဓိကကုန်ကြမ်း ပိုးအရိုင်းကို အမရပူရမှ ဝယ်ယူရသည်။ ထို့နောက် အရောင်ဆိုးကာ၊ ပိုးချည်များကို တစ်မျှင်ချင်း ရှင်းလင်းပြီး ဆယ်မျှင်ပေါင်းရပါသည်။ ထိုဆယ်မျှင်ပေါင်းပြီးမှ ချည်တစ်ပင်ရလာခြင်း ဖြစ်သည်။ ထိုချည်ပင်များကို ရက်လုပ်ရန် ရက်ဖောက်အတွင်းထည့်၍ လွန်းထဲကို တက်ရသည်။ အတိုင်အဖောက်တွင် ပိုးချည်သီးသန့်သာသုံးခြင်း ဖြစ်သည်။ အထည်ဒီဇိုင်း‌နှင့် ပိုးချည်အရောင်ရွေး၊ အရောင်စပ်ပြီး‌နောက် ပုံတင်၊ ဒီဇိုင်းနုတ်စာရွက်ကိုကြည့်ပြီး အထည်ကို စတင်ရက်ကန်းခတ်၍ ပိုးစစ်ချိတ်အထည်များ ရက်လုပ်ရခြင်း ဖြစ်သည်။ ချိတ်လုံချည် တစ်ကွင်းရရှိရန် အချိန်အားဖြင့် နှစ်လနီးပါးကြာသည်အထိ ရက်လုပ်ရပါသည်။

Previous
Previous

Myanmar Traditional Earthenware Pottery (Sagaing)