Shwe Inn Tain Pagoda Complex

 
Myanmar Name: အင်းလေး ကြာချည်လုပ်ငန်း
Other Name:
Type of Asset: Handicrafts [လက်မှုလုပ်ငန်းများ], Textiles [အထည်အလိပ်လုပ်ငန်းများ]
Location: Shwesaryan Pagoda Compound, Thaton, Mon State.
Inpawkhon Village, Inle, Southern Shan State. [အင်းပေါခုံရွာ၊ အင်းလေးဒေသ၊ ရှမ်းပြည်နယ်တောင်ပိုင်း]

Asset Description

  • Shwe Inn Tain Pagoda is said to have been built by King Alaungsithu around the 14th century using brick and stucco. Over the centuries, donors have continued to build and renovate the site. In one place, you can see pagodas with different styles from the late Bagan period, the Inwa period (14th-16th centuries), and the Konbaung period (18th century).

    What makes Shwe Inn Tain unique is that you can see pagodas from various periods with different architectural styles, as well as stucco reliefs and decorations, all in one location. There are over 1,050 pagodas here. At the base of the pagoda complex, you can find pagodas from the late Bagan period. The covered passage is 3.3 furlongs long, and you can see paintings along its entire length.

    Annually, during the Thadingyut and Tazaungmon months, the Shwe Inn Tain Pagoda festival is held, featuring ceremonial food offerings. A five-day market also takes place around the pagodas, where local villagers sell produce and handicrafts. Shwe Inn Tain Pagoda is a historically significant and cherished site within the Inle region.

    Maintenance of the pagodas is overseen by donors and a board of trustees, with the Department of Archaeology and National Museum also contributing to conservation efforts for some of the pagodas. Although the pagodas have largely withstood natural disasters, the passage is currently in disrepair due to flooding in the Inle region, and securing funding for overall maintenance presents ongoing challenges.

  • ရွှေအင်းတိန်ဘုရားကို ၁၄ ရာစုခန့်ခန့်က အလောင်းစည်သူမင်းကြီး တည်ထားခဲ့သည်ဟု ဆိုကြပြီး၊ အင်္ဂတေ၊ အုတ်တို့ဖြင့် တည်ထားခဲ့ပါသည်။ ခေတ်အဆက်ဆက် အလှူရှင်များ ဆက်လက် တည်ဆောက်ပြုပြင်ခဲ့ကြပြီး ပုဂံခေတ်နှောင်း၊ အင်းဝခေတ် (၁၄-၁၆ ရာစု) နှင့် ကုန်းဘောင်ခေတ် (၁၈ ရာစု) မှ လက်ရာများပါရှိသော စေတီများကို တစ်‌နေရာတည်းတွင် တွေ့နိုင်ပါသည်။

    ရွှေအင်းတိန်၏ ထူးခြားချက်မှာ လက်ရာမတူသော ခေတ်အဆက်ဆက် စေတီများ၊ အင်္ဂတေ ရုပ်ကြွလက်ရာများ၊ အင်္ဂတေပန်းများကို တစ်နေရာတည်းတွင် တွေ့ရခြင်း ဖြစ်ပါသည်။ စေတီပေါင်း (၁၀၅၀) ကျော် တည်ထားပြီး ဘုရားပရဝုဏ် အောက်ဖက်တွင် ပုဂံခေတ်နှောင်းလက်ရာ စေတီများကို တွေ့ရှိနိုင်ပါသည်။ စောင်းတန်းမှာ ၃.၃ ဖာလုံ ရှည်လျားပြီး စောင်းတန်းတစ်လျှောက် ဆေးရေးပန်းချီများကိုလည်း တွေ့နိုင်ပါသည်။

    ရွှေအင်းတိန်ဘုရားပွဲကို နှစ်စဉ် သီတင်းကျွတ်လ နှင့် တန်ဆောင်မုန်းလ တို့တွင် ဆွမ်းကပ်လှူသည်ပွဲများ ပြုလုပ်ကြသည်။ စေတီပတ်ဝန်းကျင်တွင် (၅) ရက် စျေးနေ့ကို ပြုလုပ်ကြပြီး ဒေသထွက်သီးနှံများနှင့် လက်မှုပစ္စည်းများကို အနီးအနားပတ်ဝန်းကျင်ရွာများမှ လာရောက်ရောင်းချကြသည်ကို တွေ့မြင်နိုင်ပါသည်။ ရွှေအင်းတိန်ဘုရားသည် အင်းလေးဒေသ၏ သမိုင်းဝင် တန်ဖိုးထားရာ နေရာလည်းဖြစ်ပါသည်။

    ရွှေအင်းတိန်ဘုရားများ ပြုပြင်ထိန်းသိမ်းမှုကို အလှူရှင်များနှင့် ဂေါပကအဖွဲ့များမှ ပြုလုပ်ကြပြီး၊ အချို့စေတီများထိန်းသိမ်းမှုကို ရှေးဟောင်းသုတေသနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ဆောင်ရွက်ထားသည်။ လက်ရှိအချိန်တွင် အင်းလေးဒေသ ရေကြီးမှုကြောင့် စောင်းတန်းတလျှောက် ယိုယွင်းမှုများ ရှိပါသည်။ စေတီများမှာ သဘာဝဘေးအန္တရာယ်ကြောင့် အထိအခိုက်များစွာမရှိသော်လည်း ပြုပြင်ထိန်းသိမ်းမှုများအတွက် ထောက်ပံ့မှု အခက်အခဲရှိနေပါသည်။‌

Next
Next

Yadanar Marn Aung Pagoda