Nipattaw Painting (Kyauk Taw Gyi Pagoda, Mandalay)

 
Myanmar Name: နိပါတ်တော်ပန်းချီ (မန္တလေး ကျောက်တော်ကြီးဘုရားဝင်း)
Other Name:
Type of Asset: Paintings [ပန်းချီလက်ရာများ]
Location: Kyauk Taw Gyi Pagoda East Passageway, U Poke Taw Ward,
Aungmyaythazan Township, Mandalay.
[ကျောက်တော်ကြီးဘုရား အရှေ့ဘက်စောင်းတန်း၊ ဥပုတ်တော်ရပ်ကွက်၊
အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့၊ မန္တလေးတိုင်း။]

Asset Information

  • Nipattaw paintings by U Saw Maung can be found in the eastern corridor of the Kyauk Taw Gyi Pagoda. The hermit U Khandi was a key figure in the development of Nipattaw painting and was a mentor to U Saw Maung's father, Saya Aye. U Saw Maung represents the second generation of Nipat painters. It's common for these paintings to include the artist's signature, and U Saw Maung's name is still clearly visible on one of the paintings. Although the exact date of the paintings is unknown, they are likely from the same period as the Nipattaw paintings signed by U Saw Maung that are on display in a zayat (resthouse) at the southeast corner of Eindawya Pagoda.

    These paintings illustrate the 16 dreams of King Pasenadi of Kosala, offering valuable moral and social lessons for Buddhists and insights for those studying the history of Burmese Nipattaw painting. Their display in pagoda and stupa corridors serves an educational purpose, making these lessons accessible to the public. The composition, use of color, and paint texture in the paintings are captivating to viewers. U Saw Maung also studied Western art, and his captivating work skillfully blends Western and traditional Burmese artistic styles.

    While currently glass-protected, these paintings are vulnerable to insects, heat, and humidity, which can cause fading and deterioration. Additional works of U Saw Maung can be seen at Eindawya Pagoda, Mandalay Hill corridors, and the U Khandi Museum.

  • ကျောက်တော်ကြီးဘုရားရှိ အ‌ရှေ့ဘက်စောင်းတန်းတွင် ဦးစောမောင်ရေးဆွဲထားသော နိပါတ်တော်ပန်းချီကားများကို တွေ့ရှိနိုင်သည်။ ရသေ့ကြီးဦးခန္တီသည် နိပါတ်ပန်းချီထွန်းကားရေးခြင်းကို ဦးဆောင်ခဲ့ပြီး၊ ဦးစောမောင်၏ ဖခင် ဆရာအေးကို နိပါတ်ပန်းချီဆရာ ဖြစ်ရန် မြေတောင် မြှောက်ပေးခဲ့သူလည်းဖြစ်ပါသည်။ ဦးစောမောင်သည် နိပါတ်ပန်းချီရေးဆွဲသူ ဒုတိယမျိုးဆက်ဖြစ်သည်။ နိပါတ်တော်ပန်းချီများတွင် ရေးဆွဲသူများ၏ ကလောင်အမည်များအား ရေးထိုးလေ့ရှိရာ ဦးစောမောင်၏ အမည်ကို ပန်းချီကားချပ်တစ်ခုတွင် ထင်ရှားစွာ တွေ့နေရဆဲဖြစ်သည်။ မည်သည့်ကာလက ရေးဆွဲထားသည်ကို မသိရှိရသော်လည်း အိမ်တော်ရာဘုရား အရှေ့တောင်ထောင့်ရှိ ဇရပ်တစ်ဆောင်တွင်ချိတ်ဆွဲထားသော ဦးစောမောင် အမည်ပါ နိပါတ် တော်ပန်းချီကားများနှင့် ခေတ်ပြိုင်ဖြစ်နိုင်ပါသည်။

    ပန်းချီကားများသည် ကောသလမင်း၏ အိပ်မက် (၁၆) ချက်အား ပုံဖော်ရေးဆွဲထားပါသည်။ ယင်းကောသလမင်း၏ အိပ်မက်များသည် ဗုဒ္ဓဘာသာဝင်တို့အတွက် လူမှုရေးဆိုင်ရာ၊ နီတိဆိုင်ရာရေးရာများ အတွက် အရေးပါမှုရှိသည်။ ထို့အပြင် မြန်မာ့နိပါတ်တော်ပန်းချီသမိုင်းကို လေ့လာရာတွင်လည်း အရေးပါသော ပန်းချီကားများဖြစ်သည်။ ဘုရားစေတီပုထိုးများရှိ စောင်းတန်းများတွင် အလှူဒါနတစ်ခုအဖြစ် လူအများလေ့လာနိုင်စေရန်အတွက် ပညာပေး ကဏ္ဍတစ်ခုအဖြစ် ချိတ်ဆွဲလှူဒါန်းသောဓလေ့ကို တွေ့မြင်နိုင်သည်။ ပန်းချီဖွဲ့စည်းပုံ၊ အရောင်အသုံးပြုမှုနှင့် ဆေးအရောင်ဖွဲ့စည်းပုံများသည် ကြည့်ရှုသူများ၏ စိတ်အာရုံဖမ်းစားနိုင်စွမ်းရှိပါသည်။ ဦးစောမောင်သည် အနောက်တိုင်းပန်းချီပညာရပ်ကို ဆည်းပူထားသူလည်းဖြစ်ပြီး အနောက်တိုင်း ပန်းချီဟန်နှင့် မြန်မာ့ရိုးရာပန်းချီဟန်များပေါင်းစပ်မှုကို တွေ့မြင်နိုင်ပါသည်။

    လက်ရှိတွင် ပန်းချီကားချပ်များကို မှန်ဘောင်များဖြင့် ကာကွယ်ပြသထားပါသည်။ ပိုးမွှားများ၊ ရာသီဥတုပူပြင်းမှုနှင့် စိုထိုင်းဆများခြင်း စသောရာသီဥတုအခြေအနေများသည် ရေရှည်တွင် နိပါတ်ပန်းချီများကို မှေးမှိန်ပျက်စီးစေနိုင်ပါသည်။ ဦးစောမောင်၏ ပန်းချီကားများကို အိမ်တော်ရာဘုရား၊ မန္တလေးတောင်စောင်းတန်းနှင် ဦးခန္တီပြတိုက်တို့တွင် ထပ်မံရှာ​ဖွေ လေ့လာနိုင်ပါသည်။

Previous
Previous

Main Building of Mandalay University

Next
Next

Nipattaw Painting (U Khandi Museum 1)