Nipattaw Painting (Kuthodaw Pagoda)

 
Myanmar Name: နိပါတ်ပန်းချီ (ကုသိုလ်တော် ဘုရားဝင်း)
Other Name:
Type of Asset: Paintings [ပန်းချီလက်ရာများ]
Location: South and West Passageways, Kuthodaw Pagoda,
Aungmyaythazan Township, Mandalay.
[တောင်ဘက်စောင်းတန်းနှင့် အနောက်ဘက်စောင်းတန်း၊ ကုသိုလ်တော်ဘုရား၊
အောင်မြေသာဇံမြို့နယ်၊ မန္တလေးမြို့၊ မန္တလေးတိုင်း။]

Asset Information

  • Nipattaw Painting is the art of depicting the Buddha's life stories, known as "Nipat" and "Jataka" tales, as well as ancient historical narratives. These paintings often illustrate the ten great Jataka stories, royal chronicles, and Buddhist histories. Hanging Nipattaw paintings in the passageways of Kuthodaw Pagoda was a way to make these tales easily accessible for pilgrims.

    The renowned hermit, U Khandi, commissioned artists to create Nipattaw paintings in pagodas, monasteries, and prayer halls across Myanmar to help pilgrims accumulate merit. Historical records from Natmauk Htun Shein in 1979 suggest that the artist Saya Aye's work once graced the western passageway of Kuthodaw Pagoda. However, only the paintings of later artists remain there today. Evidence from handwritten notes on subsequent artworks in the southern passageway confirms that these artists were restoring Saya Aye's original paintings, indicating his work was also present in that location.

    The paintings in the western passageway were created around the 1990s by artist Nyi Tin (of Win Lite Cinema) and Aung Kyaw Win, the son of U Kyaw Nyunt. The paintings in the southern passageway were done by Hla Shwe (the grandson of artist Sayar Thaw) and Soe Win (from the Kuthodaw Art Gallery) between 1993 and 1996. They are oil paintings on zinc sheets, measuring either 10' x 5' or 7' x 4'. These works are important for anyone interested in the historical evolution of Nipattaw painting.

    Currently, many of the paintings are suffering from dust accumulation and deterioration due to heat and humidity. Saya Aye's original paintings are believed to have been restored between 1990 and 1996. It's thought that foreign donors funded these renovations, as some paintings in both the western and southern passageways have English names written on them.

    The practice of restoring old paintings shows that Nipat painting was still significant to the local community around the 1990s. The distinctive features of these paintings, which flourished from the pre-war era, such as their vibrant colors and the use of zinc sheets as a medium, continued until at least 1996. The paintings also retained the original style, preserving their historical authenticity. This tradition of donating Nipattaw paintings in pagoda corridors is still practiced in some pagodas in Mandalay (for example, at Wakhingone Pagoda).

  • နိပါတ်ပန်းချီဆိုသည်မှာ မြတ်စွာဘုရား၏ ဘဝဖြစ်စဉ် နိပါတ်တော်၊ ဇာတ်တော်များနှင့် ရှေးခေတ် ဇာတ်ဝတ္တူများကို ပုံဖေါ်ရေးဆွဲသောပညာရပ်ကို ခေါ်ပါသည်။ ဇာတ်ကြီး (၁၀) ဘွဲ့၊ မဟာဝင်၊ ရာဇဝင်နှင့် ဘုရားသမိုင်းများကို ရေးဆွဲကြသည်။ ကုသိုလ်တော်ဘုရားစောင်းတန်းများတွင်လည်း နိပါတ်တော်ပန်းချီကားများချိတ်ဆွဲထားခြင်းဖြင့် ဘုရားဖူးဧည့်သည်များ ဇာတ် နိပါတ်တော်များကို အလွယ်တကူသိလာအောင် ပြုကြခြင်းလည်းဖြစ်သည်။

    ရသေ့ကြီးဦးခန္တီသည် မြန်မာပြည်အနှံ့ ဘုရား၊ ကျောင်း၊ တန်ဆောင်းများတွင် ဘုရားဖူးသူများ ကုသိုလ်ပွါးစေနိုင်ရန်အတွက် နိပါတ်ပန်းချီများကို ပန်းချီဆရာများအား ရေးဆွဲစေခဲ့သည်။ နိပါတ်တော်ပန်းချီရေးဆွဲခဲ့သော ဆရာအေး၏ ပန်းချီများသည် ကုသိုလ်တော် အနောက်ဘက်စောင်းတန်းတွင် ရှိခဲ့ဖူးသည်ဟု နတ်မောက်ထွန်းရှိန် က ၁၉၇၉ တွင် ရေးသားခဲ့သည်။ ယခုအခါတွင် နှောင်းခေတ်ပန်းချီ ဆရာများ၏ ပန်းချီများသာ အနောက်ဘက်စောင်းတန်းတွင် တွေ့ရသည်။ တောင်ဘက်စောင်းတန်းတွင်လည်း ဆရာအေး၏ ပန်းချီကားများ ရှိခဲ့ဖူးသည်ကို ဆရာအေး၏ပန်းချီကားများအား ပြန်လည်ပြုပြင်မွမ်းမံထားသည့် နှောင်းခေတ်ပန်းချီဆရာများ၏ ပန်းချီကားပေါ်က လက်ရေးစာများမှ တဆင့်သိရှိရသည်။

    အနောက်ဘက်စောင်းတန်းမှ ပန်းချီများကို ပန်းချီညီတင်(ဝင်းလိုက်ရုပ်ရှင်ရုံ)နှင့် ဦးကျော်ညွန့်၏သား အောင်ကျော်ဝင်းတို့က ၁၉၉၀ ပြည့်နှစ်များ ဝန်းကျင်တွင် ရေးဆွဲခဲ့ပြီး၊ တောင်ဘက်စောင်းတန်းမှ ပန်းချီများကို ပန်းချီဆရာသော်၏မြေး လှရွှေ၊ စိုးဝင်း(ကုသိုလ်တော်ပြခန်း) တို့က ၁၉၉၃ နှင့် ၁၉၉၆ ခုနှစ်များ တွင် ရေးဆွဲခဲ့ကြပါသည်။ ၁၀'×၅' နှင့် ၇'×၄' ရှိ သွပ်ပြားပေါ်တွင် ဆီဆေးနှင့် ရေးဆွဲထားပါသည်။ နိပါတ်တော်ပန်းချီ၏ သမိုင်းအစဉ်အဆက်ကို လေ့လာလိုသူများအတွက် အရေးပါသည်။

    လက်ရှိတွင်နိပါတ်ပန်းချီကားများတွင် ဖုန်များတက်နေခြင်း၊ အပူဒဏ်နှင့် စိုစွတ်မှုဒဏ်များကြောင့် ဆေးသားများပျက်ဆီးခြင်းတို့ရှိနေပါသည်။ ဆရာအေး၏ ပန်းချီကားများအား ၁၉၉၀ - ၁၉၉၆ ခုနှစ်များ ဝန်းကျင်က ပြန်လည်ပြုပြင် မွမ်းမံထားသည်ဟုသိရသည်။ ဆရာအေး၏ ပန်းချီကားများအား ပြုပြင်လှူဒါန်းမှုများကို နိုင်ငံခြားသားများက ဆောင်ရွက်ခဲ့သည်ဟု ယူဆရသည်။ အနောက်ဘက်စောင်းတန်း၏ ပန်းချီကားတစ်ချပ်တချို့နှင့် တောင်ဘက်စောင်းတန်း၏ ပန်းချီကားတစ်ချပ်တွင် အင်္ဂလိပ်နာမည်များကို တွေ့ရှိရသောကြောင့်ဖြစ်သည်။

    ပန်းချီများဟောင်းနွမ်းသွားပါက ပြန်လည်ပြုပြင်သည့်ဓလေ့များကိုလည်း တွေ့ရပြီး နိပါတ်တော်ပန်းချီများသည် ၁၉၉၀ ပြည့်နှစ် ဝန်းကျင်ခန့်အထိ ရပ်ရွာနေလူထုအတွက် အရေးပါမှုရှိသေးကြောင်းတွေ့ရသည်။ စစ်ကြိုခေတ်မှစ၍ ထွန်ကားခဲ့သော နိပါတ်တော်ပန်းချီများ၏ ထူးခြားမှုများဖြစ်သည့် အရောင်စိုတောက်မှု၊ သွပ်ပြားကို ရေးဆွဲခံပစ္စည်းအဖြစ်အသုံးပြုကာ ရေးဆေးဖြင့်ပိုင်နိုင်စွာ ရေးဆွဲခြင်းသည် ၁၉၉၆ ခုနှစ် အထိ ဆက်ခံနေဆဲဖြစ်သည်ကို တွေ့ရသည်။ နိပါတ်တော်သမိုင်းအစမှ ပုံစံများအတိုင်း ရေးဆွဲကာ မူလဖြစ်မှုကို ထိန်းသိမ်းနိုင်သည်ကို တွေ့ရသည်။ စောင်းတန်းများတွင် နိပါတ်တော်ပန်းချီများလှူဒါန်းသော အလေ့ကို တွေ့ရှိရသည်။ ထိုအလေ့အထသည့် မန္တလေးရှိ ဘုရားတချို့တွင် ဆက်လက်ကျင့်သုံးနေဆဲ​ဖြစ်သည် (ဥပမာ- ဝါခင်းကုန်းဘုရားက နိပါတ်ပန်းချီများ)

Previous
Previous

Nipattaw Painting (Eindawya Pagoda)

Next
Next

Nipattaw Painting (Ananda Pagoda)