Shweinbin Monastery

 
Myanmar Name: ရွှေအင်ပင်ကျောင်းတော်
Other Name: ဒုတိယရွှေအင်ပင်ကျောင်းတိုက်
Type of Asset: Architecture [ဗိသုကာလက်ရာများ]
Location: Shwetachaung Street, 38th Street, Maha Aungmye Township, Mandalay.
[ရွှေတစ်ချောင်းလမ်း၊ ၃၈လမ်း၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့၊ မန္တလေးတိုင်း။]

Asset Information

  • Shweinbin Monastery is a large wooden monastery built in 1895 by the Chinese merchant U Set Shwin and his Burmese wife, Daw Bwar.

    The monastery features eight thayet-kin staircases and is built according to the traditional Burmese monastery architectural style, which includes the Pyatthat Saung, Sanu Saung, Zay-ta-won Saung, and Bawga Saung. The intricate wood carvings and Jataka tale reliefs reflect the architecture of the late Konbaung era. A portrait of the donor, U Set Shwin, is in the main hall, and a sculpted likeness of Daw Bwar is carved into the wall of the Bawga Hall. The tomb of the donor is located in the northwest part of the monastery grounds. The epitaph on the tomb provides valuable historical information. The Shwe In Bin Monastery remains an attractive destination for tourists due to its well-preserved ancient craftsmanship.

    Currently, the monastery is under the protection of the Ministry of Religious Affairs and Culture. To guarantee that future generations can value and engage with the rich cultural heritage of this ancient monastery, it is essential to implement long-term preservation and protection strategies.

  • ရွှေအင်ပင်ကျောင်းကြီးသည် ၁၈၉၅ ခုနစ်တွင် တရုတ်လူမျိုး သူဌေးဦးစက်ရွှင်နှင့် ဇနီး မြန်မာလူမျိုးဒေါ်ဘွားတို့မှ ဆောက်လုပ်လှူဒါန်းခဲ့သော သစ်သားကျောင်းဆောင်ကြီး ဖြစ်သည်။

    ကျောင်းကြီးတွင် သရက်ကင်းလှေကား (၈) စင်းရှိပြီး မြန်မာဘုန်းကြီးကျောင်းများ၏ တည်ဆောက်ပုံနည်းစနစ်များအတိုင်း ပြာဿဒ်ဆောင်၊ စနုဆောင်၊ ဇေတဝန်ဆောင်၊ ဘောဂဆောင်၊ စ‌သောအဆောင်များဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။ ပန်းပုလက်ရာ ရုပ်လုံးရုပ်ကြွများ၊ ဇာတကနိပါတ်တော်ရုပ်များသည် ရတနာပုံခေတ်နှောင်း၏ ဗိသုကာလက်ရာများ ကိုဖော်ပြနေပါသည်။ အလှူရှင်ဦးစက်ရွှင်၏ရုပ်ပုံကို ဆောင်မကြီးတွင် ထားရှိပြီး ဒေါ်ဘွား၏ပန်းပုပုံတူကို ဘောဂဆောင်တွင် ထည့်သွင်းထုလုပ်ထားသည်။ ကျောင်းကြီး၏ အနောက်မြောက်ဘက်တွင် အလှူရှင်၏အုတ်ဂူမြုပ်နှံထားရှိသည်။ သင်္ချိုင်းစာပါရှိပြီး သမိုင်းဝင်အကြောင်းအရာများကို လေ့လာနိုင်သည်။ ရွှေအင်ပင်ကျောင်းကြီးသည် ခရီးသွားများကို ဆွဲဆောင်နိုင်သော ရှေးဟောင်းလက်ရာများ မူလအတိုင်းကျန်ရှိနေသော ကျောင်းကြီးတစ်ကျောင်းဖြစ်ပါသည်။

    လက်ရှိတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ ထိန်းသိမ်းမှုအောက်တွင်ရှိပါသည်။ မြန်မာနိုင်ငံ၏‌ ရှေးဘုန်းကြီးကျောင်းများ၏ အဆင့်အတန်းမြင့်မားသော ယဉ်ကျေးမှုအမွေအနှစ်လက်ရာများကို နောင်လာနောက်သားများ မြင်တွေ့ခံစားနိုင်ရန်အတွက် ရေရှည်တည်တံ့ရန် ကြိုတင်ကာကွယ်ထိန်းသိမ်းမှု လုပ်ငန်းစီမံချက်များဖြင့် လုပ်ဆောင်ရန် လိုအပ်လျက်ရှိပါသည်။

Previous
Previous

Kingwun Mingyi Monastery

Next
Next

Thara Myiatzu Thein Taw